မူဆယ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများခက်ခဲနေ

မူဆယ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများခက်ခဲနေ ရှမ်းပြည်(မြောက်ပိုင်း)၊မူဆယ်မြို့နယ်အတွင်း၌ စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများနှင့်ကားများ၊ဆိုင်ကယ်သွားလာရန် အခက်အခဲဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။   မူဆယ်မြို့နယ်၊မိုင်းယု ၁၀၅ မိုင်ကျေးရွာအုပ်စု၊မော့ဒေါင်းကျေးရွာကြားရှိ ပြည်ထောင်စုလမ်းမကြီးဘေးတွင် စက်သုံးဆီအရောင်းဆိုင် ၂၂ ဆိုင်ရှိကာ လက်ရှိအချိန်၌ ဆီစျေးမငြိမ်သက်သဖြင့် ဆီဆိုင်အချို့ပိတ်ထားလျက်ရှိပြီး အချို့ဆီဆိုင်များမှာလည်း ဆိုင်ကယ်များအား အနည်းအကျဥ်းသာရောင်းချပေးလျက်ရှိသည်ဟု သိရသည်။ ထို့ပြင် ဆိုင်ကယ်များအား စက်သုံးဆီလုံးဝရောင်းချပေးခြင်းမရှိသည့်ဆိုင်များလည်းရှိနေသဖြင့် ဒေသအတွင်းပြေးဆွဲပေးလျက်ရှိသည့် ကားကြီး၊ကားလေးများ၊ခရီးသွားကားများနှင့်ကုန်စည်သယ်ယူပို့ဆောင်ပေးနေသည့် ကားများမှာ အခက်အခဲများဖြစ်ပေါ်လျက်ရှိသည်။ အလားတူ လားရှိုး၊ မူဆယ်၊ မန္တလေး တို့သို့ပြေးဆွဲပေးနေသည့် ကုန်တင်ကားများနှင့်ကိုယ်ပိုင်ကားအချို့မှာလည်း စက်သုံးဆီဝယ်ယူ၍မရသဖြင့် လမ်းဘေးတွင်ခေတ္တရပ်ထားရသည်ဟု သိရသည်။ စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီမှ သြဂုတ် ၁၄ ရက်(ယနေ့)တွင်ထုတ်ပြန်သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ ရန်ကုန်တိုင်းတွင် 92 Ron တစ်လီတာလျင် ၂၃၂၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၃၉၀ … Continue reading မူဆယ်မြို့နယ်အတွင်း စက်သုံးဆီပြတ်လပ်နေ၍ ကုန်စည်စီးဆင်းမှုများခက်ခဲနေ